AI မှ ဆွဲပေးခဲ့သော ပုံများ


ပုံများကို သင်ကိုယ်တိုင် အခမဲ့ သုံးစွဲနိုင်သလို အခြားသူများမှလည်း အခမဲ့ သုံးစွဲနိုင်ပါတယ်


ပုံများကို ကြည့်ရှု့ရန်

အမေးအဖြေ

အေအိုင်ကို မေးမယ် ခိုင်းမယ်

မြန်မာဘာသာနဲ့ မေးမယ်

လူတစ်ယောက်လို စကားပြောသလို မြန်မာဘာသာစကားပြေနဲ့ ပြောဆို/ မေးမြန်း/ ခိုင်းစေနိုင်ပါတယ်။ မေးခွန်းတွေကို AI က မှတ်သားထားမှာဖြစ်တဲ့အတွက် ခိုင်းစေရာတွင် ရိုင်းစိုင်းသော အသုံးအနှုန်းတွေကို ရှောင်ကြည်ပြီး ယဉ်ကျေးစွာ ခိုင်းစေပါ။

မြန်မာဘာသာနဲ့ ခိုင်းမယ်

မေးရုံတင်မက ခိုင်းလို့လည်းရပါတယ်။ ဥပမာ "အနားတစ်ဘက်ကို ပေ ၈၀, ပေ ၂၀၀, ပေ ၁၄၀, ပေ ၈၀ ရှိတဲ့ မြေကွက်ရဲ့ ဧရိယာကို တွက်ပေးပါ" ဆိုပြီးခိုင်းရင် AI ကတွက် ပေးပါလိမ့်မယ်။

ပုံထုတ်ရန်

အေအိုင်နဲ့ ပုံတွေထုတ်မယ်

ကျွန်တော်က လူသားတွေအတွက် ကာတွန်းပုံကောင်းကောင်းတွေ၊ လူအစစ်လိုပုံတွေ ဆွဲပေးနိုင်ပါတယ်။ ပေးလိုက်တဲ့ ပုံထဲက background ကို ဖျောက်ပေးတာတို့ အရာဝတ္ထု တွေကို ဖျောက်ပေးတာတို့ စတာတွေကို မကြာခင် လုပ်ပေးနိုင်ပါတော့မယ်။

အကောင့်ဆောက်ရန်

မေးလေ့ရှိသော မေးခွန်းများ

  • အခမဲ့ သုံးခွင့်ပေးတာလား ?

    အသုံးပြုသူတိုင်းအတွက် နေ့စဉ် မေးခွန်း ၁၀ ခု အခမဲ့ မေးမြန်းခြင်းနှင့် ပုံဆွဲခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ hardware, software, setup, maintenance များအတွက် လောလောဆယ်မှာ မနိုင်မနင်း ဖြစ်မှာ စိုးတဲ့အတွက်၊ အခုလို အသုံးပြုခွင့် ကန့်သန့်ထားတာကို နားလည်ပေးစေလိုပါတယ်။

  • အေအိုင်က ဘယ်လိုအလုပ်လုပ်တာလည်း ?

    မိုက်ခရိုဆော့ ကော်ပိုရေးရှင်းရဲ့ အမေရိကန် နိုင်ငံမှာ ရှိတဲ့ data center တွေထဲက super computer တွေထဲက Open AI ကုမ္ပဏီပိုင် language model ပရိုဂရမ်တွေက လူတွေမေးသမျှကို (အသံနဲ့မဟုတ်ဘဲ) စာသားနဲ့ ပြန်ဖြေနေတာ ဖြစ်ပါတယ်။ ChatGPT 3.5 ဟာ အကြောင်းအရာ သတင်းအချက်အလက် စုစုပေါင်း ၁၇၅,၀၀၀,၀၀၀,၀၀၀ ကို လေ့လာ သင်ယူထားတဲ့ စက်ဦးနှောက်နဲ့ အသိဉာဏ်တု တစ်ခု ဖြစ်ပါတယ်။

  • အေအိုင်က ပေးလိုက်တဲ့ ပုံတွေကို ကိုယ့်လုပ်ငန်းမှာ ပြန်သုံးလို့ရလား ?

    အေအိုင်ကို ဆွဲခိုင်းလိုက်တဲ့ ပုံတွေကို မိမိလုပ်ငန်းမှာ အခမဲ့ ပြန်လည်သုံးဆွဲနိုင်တဲ့အပြင် အခြားသူများကလည်း ယူသုံးနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူပဲ အခြားသူများ AI ကနေပြီး ဆွဲထားတဲ့ ပုံတွေကိုလည်း အခမဲ့ ယူသုံးနိုင်မှာဖြစ်ပါတယ်။

  • အေအိုင်သုံးတဲ့အခါမှာ ဆောင်ရန်ရှောင်ရန်တွေက ဘာတွေလည်း

    ညွှန်ကြားချက်များကိုဖတ်ပြီး ၎င်းတို့ကို ဂရုတစိုက် လိုက်နာပါ။ ခိုင်းစေရာတွင် ယဉ်ကျေစွာ စာဖြင့် ခိုင်းစေပါ။ အေအိုင်က ပြောသမျှကို အားလုံး အမှန်လို့ တစ်ထစ်ချ မယူဆပါနဲ့။ ဆုံးဖြတ်ချက်များချရန်မဟုတ်ဘဲ အချက်အလက်ရှာဖွေရာတွင် ကူညီရန်သာ ခြက် စနက်ကိုသုံးပါ။ သူတပါးကို ဒုက္ခရောက်စေရန် ရည်ရွယ်၍ ခြက်ကို သုံးဘို့မကြိုးစားပါနဲ့။ မသင့်လျော်သော သို့မဟုတ် ရိုင်းစိုင်းသော မက်ဆေ့ချ်များကို မပို့ပါနဲ့။ အရေးကြီးသော ကိုယ်ရေးကိုယ်တာအချက်အလက် သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်များ လျှို့ဝှက်ကုဒ်များကို ခြက် ထဲသို့ လုံးဝ မထည့်ပါနှင့်။



မြန်မာနက်၏ အခြားဆက်စပ်ကဏ္ဍများ

Go To Top