၁။ မြန်မာနက် ခြက် ဆိုတာဟာ ကမ္ဘာကျော် ChatGPT 3.5 စက်ဦးနှောက်နဲ့ အသိဉာဏ်တု ဝန်ဆောင်မှုကို မြန်မာဘာသာနဲ့ အများ အသုံးပြုနိုင်အောင် ပြုလုပ်ထားတဲ့ စနစ် ဖြစ်ပါတယ်။
၂။ ဘာသာစကား အခက်အခဲ ဖြစ်နေသူများအတွက် မြန်မာနက်က ကူညီပေးဘို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ ကွန်ပျူတာ စနစ် ဖြစ်ပါတယ်။ လောလောဆယ်မှာ စမ်းသပ် အဆင့်ပဲ ရှိပါသေးတယ်။
၁။ ကွန်ပျူတာ သင်တန်းတက်မထားဘဲ၊ လူတစ်ယောက်လို စကားပြောသလို မြန်မာဘာသာစကားပြေနဲ့ ပြောဆို/ မေးမြန်း/ ခိုင်းစေနိုင်ပါတယ်။
၂။ အောက်မှာ နမူနာ မေးပြထားတဲ့ မေးခွန်းတွေကို ခြက်က ဘယ်လို ပြန်ဖြေတယ် ဆိုတာသိရအောင် ပြထားပါတယ်။ လေ့လာ ကြည့်ကြည့်ပါ။
၁။ မင်္ဂလာပါ လို့ နှုတ်ဆက် ကြည့်တဲ့အခါ.. ဒီလို ပြန်ဖြေပါတယ်။
၂။ လက်တွေ့မှာ အချိန်ကုန် လက်ဝင်တဲ့ တွက်ချက်မှုမျိုး ဖြစ်တဲ့ "အနားတစ်ဘက်ကို ပေ ၈၀, ပေ ၂၀၀, ပေ ၁၄၀, ပေ ၈၀ ရှိတဲ့ မြေကွက်ရဲ့ ဧရိယာကို တွက်ပေးပါ" ဆိုတာမျိုးကို ခိုင်းစေတာက အံ့ဩလောက်တဲ့ အဖြေကို တမဟုတ်ချင်း အခမဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
၃။ အနားတစ်ဘက်ကို ပေ ၄၀၀ ရှိတဲ့ မြေကွက်ရဲ့ ဧရိယာကို တွက်ပေးပါ လို့ ခိုင်းကြည့်တဲ့ အခါ...
၄။ မြန်မာနိုင်ငံမှာ ဘယ် ရုပ်ရှင် မင်းသမီးက အချောဆုံးလဲ" ဆိုတာမျိုး အရည်မရ အဖတ်မရ၊ မရေမရာ မေးခွန်းမျိုးအတွက် အချိန် မဖြုန်းပါနဲ့။
၅။ ဆေးတွေကို လူကြီးတိုက်တဲ့အတိုင်း ကလေးတွေကို တိုက်မရမှန်း သတိရတဲ့အခါ၊ အခုလိုလေး အလွယ် မေးကြည့်လဲ အဖြေရတတ်ပါတယ်။ အလေးချိန် ပေါင် ၅၀ ပဲ ရှိတဲ့ ကလေးကို ပါရာစီတမော ဘယ်လောက် မီလီဂရမ် တိုက်ရမလဲလို့လဲ မေးကြည့်ပါတယ်။
၆။ calculus သင်္ချာအကြောင်း ရှင်းပြခိုင်းကြည့်တယ်။ မဆိုးပါဘူး။
၇။ မြန်မာနက်ခြက်က မြန်မာစကား ကောင်းကောင်း မတတ်သေးတဲ့ အတွက် အချို့နေရာတွေမှာ အဓိပ္ပါယ် အယူအဆ မှားတတ်တာတွေ ရှိပါတယ်။ အခုလို "ကမ္ဘာ တစ်ပတ် ပတ်ဘို့ ဘယ်နှစ်မိုင် ရှိသလဲ?" လို့မေးတဲ့အခါ တစ်ပတ် ဆိုတာကို "one round" လို့ နားလည်မယ့်အစား "one week" လို့ မှားပြီး နားလည်တဲ့အခါ မရေမရာ ဖြေတာကို တွေ့ရမှာပါ။ ပုံထဲမှာ တွေ့ရသလို တိတိကျကျ "ကမ္ဘာ့ရဲ့ လုံးပတ် မိုင်ဘယ်လောက် ရှိသလဲ?" လို့ ထပ်မေးတော့မှ ကမ္ဘာ့လုံးပတ်က ၂၄,၉၀၁ မိုင်လောက် ရှိတယ် လို့ ထပ်ဖြေတာကို တွေ့ခဲ့ရပါတယ်။
၈။ "ငပိ" လို့ စားလုံးပေါင်း အမှားနဲ့ မေးမိတဲ့အခါ မရေမရာ ဖြေပါတယ်။ "ငါးပိ" လို့ မှန်မှန်ကန်ကန် စာလုံးပေါင်းတော့မှ အမှန်ဖြေနိုင်တာ တွေ့ရမှာပါ။
၉။ ရွှေတိဂုံစေတီတော်ကြီး အကြောင်းကို စာစီစာကုံး ရေးခိုင်းရင်လည်း ချက်ချင်း ထွက်ပါတယ်။ နောက်တစ်ခါ ပြန်ရေးခိုင်းရင် နောက်တစ်မျိုး ထွက်တာက စိတ်ဝင်စားစရာပါ။
၁၀။ ဟင်းချက်နည်းတွေ မေးလည်း ရတယ်။
၁၁။ အိမ်တွင်းဖြစ် စက်မှုလုပ်ငန်း လုပ်ဘို့ စိတ်ကူးရင်လည်း နည်းပညာတွေ၊ ဓာတု ဖော်မြူလာတွေ အများကြီး မေးလို့ ရပါတယ်။
မိုက်ခရိုဆော့ ကော်ပိုရေးရှင်းရဲ့ အမေရိကန် နိုင်ငံမှာ ရှိတဲ့ data center တွေထဲက super computer တွေထဲက Open AI ကုမ္ပဏီပိုင် language model ပရိုဂရမ်တွေက လူတွေမေးသမျှကို (အသံနဲ့မဟုတ်ဘဲ) စာသားနဲ့ ပြန်ဖြေနေတာ ဖြစ်ပါတယ်။ ChatGPT 3.5 ဟာ အကြောင်းအရာ သတင်းအချက်အလက် စုစုပေါင်း ၁၇၅,၀၀၀,၀၀၀,၀၀၀ ကို လေ့လာ သင်ယူထားတဲ့ စက်ဦးနှောက်နဲ့ အသိဉာဏ်တု တစ်ခု ဖြစ်ပါတယ်။ အဲဒီအကြောင်း ထပ်သိချင်ရင် ဒီမှာ ဖတ်ကြည့်ပါ။
အခမဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတိုင်းအတွက် တစ်ရက်ကို မေးခွန်းနှင့်ပုံ ၁၀ခုစာ မေးမြန်းရေးဆွဲ နိုင်ပါတယ်။ hardware, software, setup, maintenance များအတွက် လောလောဆယ်မှာ မနိုင်မနင်း ဖြစ်မှာ စိုးတဲ့အတွက်၊ အခုလို အသုံးပြုခွင့် ကန့်သန့်ထားတာကို နားလည်ပေးစေလိုပါတယ်။ အကန့်အသတ်မရှိ ကြိုက်သလို အသုံးပြုနိုင်အောင် စီစဉ်ဆဲ ဖြစ်ပါတယ်။ အခြေအနေကို မကြာမီ ထပ်မံ ကျေညာပါမယ်။
အေအိုင်က ပြောသမျှကို အားလုံး အမှန်လို့ တစ်ထစ်ချ မယူဆပါနဲ့။ မြန်မာနက် ခြက်သည် ယခုအချိန်တွင် စမ်းသပ် အသုံးပြုသည့် အဆင့် beta version သာ ရှိပါသေးသည်။ မြန်မာဘာသာဖြင့် မေးမြန်း ခိုင်းစေသည့်အခါမှာ မြန်မာစာလုံးပေါင်း သတ်ပုံ မှားသွားလျှင် မှားသလို အဖြေအလွဲများ ထွက်တတ်ပါသည်။ သတ်ပုံ အရေးအသား ဂရုစိုက်ပါ။ အသုံးပြုနည်း ညွှန်ကြားချက်များကိုဖတ်ပြီး ၎င်းတို့ကို ဂရုတစိုက် လိုက်နာပါ။
ညွှန်ကြားချက်များကိုဖတ်ပြီး ၎င်းတို့ကို ဂရုတစိုက် လိုက်နာပါ။ ခိုင်းစေရာတွင် ယဉ်ကျေစွာ စာဖြင့် ခိုင်းစေပါ။ ခြက်မှပေးသော အချက်အလက် အားလုံးကို နှစ်ခါပြန် စစ်ဆေးပါ။ ဆုံးဖြတ်ချက်များချရန်မဟုတ်ဘဲ အချက်အလက်ရှာဖွေရာတွင် ကူညီရန်သာ ခြက် စနက်ကိုသုံးပါ။
လုံခြုံရေး အစီအမံများကို ချိုးဖောက်ဘို့ ဟက် လုပ်ဘို့ ခြက်ကို သုံးဘို့ မကြိုးစားပါနဲ့။ တပါးကို အန္တရာယ်ပြုရန် ရည်ရွယ်၍ ခြက်ကို သုံးဘို့မကြိုးစားပါနဲ့။ အရေးကြီးသော ကိုယ်ရေးကိုယ်တာ သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်များကို ခြက် ထဲသို့ မထည့်ပါနှင့်။ ခြက် အင်ဂျင်အား မသင့်လျော်သော သို့မဟုတ် ရိုင်းစိုင်းသော မက်ဆေ့ချ်များကို မပို့ပါနဲ့။ အဓိပ္ပါယ် လွဲမှားနားလည်မှု မဖြစ်အောင် အတိုကောက် သုံးတာမျိုး၊ ဘမ်းစကား သုံးတာမျိုးတွေကို ရှောင်ပါ။ ဒါတွေကို ကွန်ပျူတာက နားမလည်သေးပါ။
OTP ပေးပို့လိုက်သော ကုဒ်နံပါတ်ကို အသုံးပြုပြီး ဤကောင့်ကို စတင် ဖွင့်လှစ်ခြင်းသည် https://shwe.info/termsnconditions.php တွင် ဖော်ပြထားသော Terms & Conditions စည်းကမ်းများကို သဘောတူ လက်ခံသည်/ လိုက်နာပါမည်ဟု ကတိပေးကြောင်း မှတ်ယူပါမည်။ https://shwe.info/privacypolicy.php တွင် Privacy Policy ကို အသိပေးထားပါသည်။
အများအကျိုးကို ကောင်းကောင်း အကျိုးပြုမယ့် ကိစ္စတွေမှာ ဒီ အဆင့်မြင့် နည်းပညာတွေကို အကျိုးရှိရှိ လက်တွေ့ကျကျ အသုံးချကြပါ လို့ မေတ္တာရပ်ခံ ပါတယ်။ အားလုံးအတွက် အသုံးဝင်ပါစေ၊ အကျိုးရှိပါစေ... လို့ မြန်မာနက် အဖွဲ့သားများက ဆန္ဒပြုလိုက်ပါတယ်။